အသက်ပါတဲ့ သင့်ရဲ့ မိတ်ဖက် ONO ကို သိအောင် လုပ်ပါ၊ သတင်း အချက်အလက် နောက်ကွယ်မှာ ရှိတဲ့ အလွှာတွေနဲ့ အဲဒါတွေကို တခြားသူတွေက သိရှိသွားနိုင်တဲ့ နည်းလမ်းကို သိနိုင်အောင် သူ့နောက်ကို လိုက်ကြည့်ပါ။ ဒီအခန်းမှာ၊ အင်တာနက်၊ လက်ကိုင်ဖုန်းတွေနဲ့ ဒစ်ဂျစ်တယ် ကင်မရာတွေ စတဲ့ နည်းပညာတွေကို အသုံးပြုတဲ့အခါ သင် သိထားရမဲ့ အချက်တချို့ကို ONO က မိတ်ဆက်ပေးထားတယ်။ သင့်ရဲ့ နေ့စဉ် ဒစ်ဂျစ်တယ် အပြုအမှုကို နည်းနည်းလေး ပြင်လိုက်တာနဲ့ ဒစ်ဂျစ်တယ် ကမ္ဘာမှာ ပိုပြီး လုံလုံခြုံခြုံ နေထိုင်သွားနိုင်တဲ့ နည်းလမ်းကိုလည်း လေ့လာသွားမှာ ဖြစ်တယ်။

View in other formats : M4V | FLV | MPG

ကျွန်တော်တို့ အားလုံးဟာ အင်တာနက်ကို အသုံးလိုကြတယ်၊ တခါတလေ အင်တာနက် ကဖေး တခုခု (သို့) တခြား လူအများသုံးတဲ့ နေရာတွေမှာ အင်တာနက်ကို အသုံးပြုတတ်ကြတယ်။ ဒီအခန်းထဲမှာ အဲဒီနေရာမျိုးမှာ ချောင်းမြောင်းနေတတ်တဲ့ အန္တရာယ်တွေ၊ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ ဒေတာတွေကို အကာအကွယ်ပေးနိုင်မဲ့ အဆင့်တွေကို ကို ONO က ဖေါ်ထုတ်ပေးသွားမှာ ဖြစ်တယ်။ သင့်အနေနဲ့ အများသုံး အင်တာနက်ကို စိတ်ချလက်ချ အသုံးပြုနိုင်အောင် ONO က ညွှန်တံ တခုကို ပေးမှာ ဖြစ်ပြီး၊ သင့်ရဲ့ privacy နဲ့ ဒေတာတွေကို လုံလုံခြုံခြုံ ထားရှိပေးမှာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် ဓါတ်မှန်ထဲမှာ မြင်ရတဲ့ ပုံစံနီးပါးလောက် လုံခြုံမှု ရှိတယ်။

View in other formats : M4V | FLV | MPG

ဒါဟာ ONO က ပြောပြနေတဲ့ အီးမေးလ် အကြောင်းပဲ ဖြစ်တယ်၊ အဲဒါဟာ သင့်ရဲ့ inbox ဖြစ်နေလို့ လုံခြုံနေတယ်လို့ ယူဆလို့ မရဘူး။ ဒီအခန်းဟာ အခန်း နှစ်ရဲ့ အဆက်ဖြစ်ပြီး၊ လူအများသုံးတဲ့ နေရာတွေမှာ အီးမေးလ်ကို သင့်ရဲ့ ကွန်ပျူတာနဲ့ ဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းနဲ့ ဖြစ်ဖြစ် (သို့) အင်တာနက် ကဖေးတခုခုမှာ ဖြစ်ဖြစ် အသုံးပြုတဲ့ ကိစ္စနဲ့ ပါတ်သက်တယ်။ အီးမေးလ် သွားတဲ့ ပုံစံ၊ လမ်းခရီးမှာ တခြားလူက ဖက်လို့ ရတဲ့ ပုံစံ၊ သင့်ရဲ့ အီးမေးလ်ကို ပေးပို့တဲ့သူ ဆီကနေ လက်ခံရရှိတဲ့သူဆီအထိ လမ်းတလျှောက်လုံး လုံလုံခြုံခြုံ ထားရှိနိုင်တဲ့ အလွယ်ဆုံးနည်းကို ONO က သိနေတဲ့အတွက် သူနဲ့ ပူးပေါင်းလိုက်ပါ။

View in other formats : M4V | FLV | MPG

အင်တာနက်ဟာ အရင်းအမြစ် မျိုးစုံနဲ့ ကွန်ရက် စာမျက်နှာ တော်တော်များများဆီက သတင်း အချက်အလက်တွေနဲ့ ပြည့်နှက်နေတယ်။ ဒါကို ONO က ကောင်းတယ်လို့ ယူဆတယ်၊ ဒါပေမဲ့ အဲဒီ အရာတွေ အားလုံးကို ဘယ်သူကမျှ အကုန်လုံး မရယူနိုင်ဘူး ဆိုတာကိုလည်း သူသတိထားမိတယ်။ အခန်း ၄ ထဲမှာ၊ အခြား တချို့ နေရာတွေမှာ ရှိတဲ့ အင်တာနက် သုံးစွဲသူတွေက အွန်လိုင်းကနေ အချက်အလက်ရယူဖို့ ဘယ်လောက် ခက်ခဲတယ် (သို့) အန္တရာယ်ကြီးတယ် ဆိုတာကို ONO က လေ့လာဖေါ်ထုတ်ပေးတယ်။ ONO ဟာ စက်ရုပ် တရုပ်ရဲ့ လျှို့ဝှက်ချက်နဲ့ သင့်ကို ရုပ်ဖျက်ထားမှာ ဖြစ်တယ်။ အင်တာနက် သုံးစွဲမှုကို ထိန်းသိမ်းနိုင်တဲ့နည်းနဲ့ အွန်လိုင်းမှာ နာမည်ဝှက်ထားနည်းတွေကို တင်ပြပေးသွားမှာ ဖြစ်တယ်။

View in other formats : M4V | FLV | MPG